ပေါက်တောမြို့တွင် ဝန်ထမ်းများစာဖတ်စွမ်းရည်မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်

ပေါက်တော       ဒီဇင်ဘာ   ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေးနှင့် စာဖတ်သည့် အလေ့အထများ ရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အပြန်အလှန် ဆွေးနွေးတတ် သည့် အလေ့အကျင့် များရရှိစေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုများရှိလာစေရန် စသည့်ရည်ရွယ်ချက် များဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့နေ့လယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်စိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၂၂)တွင် ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "စာရိတ္တမဏ္ဍိုင် ခိုင်ပါစေ" သုတ/ရသကဏ္ဍတွင် ပါရှိသော `၀န်ထမ်းဘဝ´ဆိုသည့်စာပိုဒ်ကိုလည်းကောင်း၊ စာထောက်-၃ ဦးဇော်ထွန်းလင်းက `ကိုယ်စီကိုယ်စီ´ ဆိုသည့်စာပိုဒ်ကိုလည်းကောင်း၊ ဦးကျော်သန်း(ဓာတ်ပုံကျွမ်းကျင်-၂)က `လိုအပ်ချက်´ဆိုသည့်စာပိုဒ်ကို  လည်းကောင်း၊ လုပ်သားရုပ်/သံ ဦးထွန်းကျော်က `စာရိတ္တ´ဆိုသည့်စာပိုဒ်ကိုလည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ရုံးဝန်ထမ်းများ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် တစ်လနှစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)