မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပေး

 

မော်လမြိုင် ဒီဇင်ဘာ ၂

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့၊   လှိုင်ရပ်ကွက် ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ထူးမခြားနား  သီချင်းဖြင့် ချီးကျူး ဂုဏ်ပြုပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် သုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူ၏ ကုသိုလ်ပြုဆောင်ရွက်ချက် အကျဉ်းကို ဖတ်ကြားပေးပြီး  ပြည်နယ်ဝန်ကြီးချုပ်က သုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်  အပ်နှင်းခြင်းခံရသူ   ဦးဝင်းကိုကို ကိုယ်စား သားဖြစ်သူ ဦးသန့်ဇင်ကိုအား    ဘွဲ့တံဆိပ်အပ်နှင်းချီးမြှင့်ပေးသည်။

ဆက်လက်၍ သုဓမ္မသိင်္ဂီဘွဲ့ရရှိသူ ဒေါ်ကျင်ဟုန်၏   ကုသိုလ်ပြု ဆောင်ရွက်ချက် အကျဉ်းကို ဖတ်ကြားပြီး၊  ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်စန်းစန်းလွင်က  ဘွဲ့တံဆိပ်ချီးမြှင့်ခံရသူ ဒေါ်ကျင်ဟုန် ကိုယ်စား သမီးဖြစ်သူ ဒေါ်မော်မော်သိန်း အား ဘွဲ့တံဆိပ်အပ်နှင်း ချီးမြှင့် ပေးကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)