မိုင်းရှူးမြို့နယ်အတွင်းရှိ အသက် ၂ လမှ ၂ နှစ်ကလေးများအား ကာကွယ်ဆေး တိုက်ကျွေး/ ထိုးနှံ ပေးမည်

မိုင်းရှူး       ဒီဇင်ဘာ       ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ရှိ အသက် ၂ လမှ ၂ နှစ် ကလေးငယ်များကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရပ်ကွက်(၁)၊ တရုတ်ဘုံခန်းမ၌ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးကာကွယ် ဆေးတိုက်ကျွေး/ထိုးနှံ ပေးရာတွင် အသက် ၂ လ အရွယ် ကလေးများကို ဘီဂျီစီ၊ ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄)လအရွယ် ကလေးငယ်များ ကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယို ထိုးဆေး၊ ငါးမျိုးစပ်၊ (၆)လကလေး များကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉) လ အရွယ်ကလေးများကို ဝက်သက်- ဂျိုက်သိုး၊ ဂျပန်ဦးနှောက် ရောင်၊ (၁)နှစ်ခွဲ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး များ တိုက်ကျွေး/ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)