မောင်တော ဒီဇင်ဘာ ၂
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့ပေါ်ရှိ ဈေးဆိုင်များ အား မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး ခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင်၍ မီး သတ် တပ်ဖွဲ့ ဝင်များက မြို့မတောင်ရပ်ကွက်ရှိ ဈေးဆိုင် များအား မီးဘေးလုံခြုံရေး စစ်ဆေး ဆောင်ရွက်ခဲ့ရာ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မတော်တဆ မီးလောင်မှု ဖြစ်ပွား ပါကလည်း ၊ မီးလောင်ဆုံးရှုံးမှု လျော့ နည်းစေရေးအတွက် အသုံးပြု လျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် ၊ လျှပ်စစ် ဝါယာ ကြိုး များ ဟောင်းနွမ်းနေပါက တတ်ကျွမ်းနား လည် သူ များ နှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန် ၊ မီးဘေး မပေါ့ဆကြရန် နှင့် ဈေးဆိုင် များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦး မီးသတ်ဆေးဘူးများ ဆောင်ရွက်ထား ရှိစေရေး အတွက် ကွင်းဆင်း စစ်ဆေး အကြုံပြု ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး