ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ နှင့် အမျိုးသမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

မောင်တော   ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ နှင့် အမျိုး သမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့မအားကစားကွင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူကာ မြို့နယ်အုပ်ချုပ်ရေးမှူးအား အလေးပြုကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ဖြစ်သော မူးယစ်ဆေးဝါး ကင်းစင်၍ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေရန်  ၊ အားကစားကို လေ့လာ လိုက်စားပြီး ကျန်းမာကြံ့ခိုင်၍ ဖျတ်လတ်တက်ကြွသော လူသား အရင်း အ မြစ်များ ဖြစ်ပေါ်လာစေရန် ၊ မြို့နယ် ၊ ခရိုင် ၊ ပြည်နယ်  နှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာ စေရန်  စသည့် မြင့်မားသော ရည်ရွယ်ချက်များ နှင့် ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ် ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင် ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက  တစ်သင်းချင်း ရင်းရင်းနှီးနှီး လိုက်လံ နူတ်ဆက်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာ အဓိဌာန် ရွက်ဆို၍ ပြိုင်ပွဲဝင် အသင်းများမှ  မြို့နယ်အုပ်ချုပ်ရေးမှူးအား ချီ တက် အလေးပြုပြီး ကွင်းထဲမှ ပြန် လည် ထွက်ခွာခဲ့ကြသည်။  ဆက်လက်၍ ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ  ပြိုင်ပွဲဝင် အသင်းများထဲမှ အသင်း(၂) သင်း ဖြစ် သော  ပြင်ဖြူစုပေါင်းအသင်း နှင့် ငြိမ်းချမ်းရေး အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ သရေ ကျ ခဲ့ကြောင်းသိရသည်။

အားကစားပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ အားကစားပြိုင်ပွဲတစ်ခုစီတွင် အသင်း(၁၂)စီ ပါဝင်ယှဉ်ပြိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဒီဇင်ဘာဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ များကို နေ့စဉ်  နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ နှင့် နေ့လယ် ၃  နာရီ မှ ၄ နာရီခွဲ အထိ လည်းကောင်း ၊ အမျိုး သမီး အလွတ်တန်း ထုတ်စည်းထိုးပြိုင်ပွဲများကို နေ့စဉ် မွန်းလွှဲ ၁၂ နာရီမှ နေ့လယ် ၂ နာရီထိ  ကျင်းပပြုလုပ်သွား မည်ဖြစ် ကြောင်း ခရိုင်အားကစားမှူး  ဦးဇော်မင်းထွေးထံမှ သိရသည်။

သက်လွင်စိုး