ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လုပ်ငန်းစီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုလျာထားအဆိုပြုကိစ္စများညှိနှိုင်းဆွေးနွေး

ညောင်တုန်း ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်လုပ်ငန်းစီမံကိန်းများ၊ ရင်းနှီးမြုပ်နှံမှုလျာထားအဆိုပြုကိစ္စများညှိနှိုင်းဆွေးနွေးခြင်းကို ဒီဇင်ဘာလ ၁ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးက မြို့နယ်အတွင်းဌာနဆိုင်ရာများ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်()ဗိုလ်မှူးအောင်မျိုးသူမှ လုံခြုံရေးကိစ္စရပ်များအားဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးဒေါ်သီတာစမ်းက  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လအထိ) နိုင်ငံပိုင်အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုလျာထားအဆိုပြုဌာန (၂၃)ဌာနတွင် ပြည်ထောင်စုဘက်ဂျက်ဖြင့် (၁၂)ခု၊ တိုင်းဒေသကြီးဘက်ဂျက်ဖြင့် (၁၄)ခု လျာထားအဆိုပြုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။