ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် လှည့်လည်အသိပေး

ဒိုက်ဦး ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေး ကြော်ငြာ ခဲ့သည်။

ထိုသို့လှည့်လည်အသိပေးကြော်ငြာရာတွင် ယခုအခါ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အသစ်များ အနောက်နိုင်ငံများတွင် ဖြစ်ပွားလျှက်ရှိနေသဖြင့် အဆိုပါ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါမျိုးကွဲများ ကူးစက်မှုမရှိစေရေးအတွက် ဒိုက်ဦးမြို့အဝင်အထွက်ဂိတ်များတွင် ကာကွယ် ဆေးထိုး လက်မှတ်များအားနေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံထား သူများသာ မြို့တွင်းဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ ထားခြင်း မရှိသူများအား Swab စစ်ဆေးပြီးနောက် Negative ထွက်သူများကို သာမြို့အတွင်းသို့ ဝင်ရောက်ခြင်းပြုခြင်း၊ Positive ထွက်သူများအား ဆေးရုံသို့ပို့ဆောင်ခြင်း၊ ထိတွေ့များအား ဆက်လက် စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ၊ ကာကွယ်ဆေးထိုးနှံထားသူများအနေဖြင့် လည်း Mask တပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်မှုမရှိပါက ဒဏ်ငွေရိုက်ခြင်းအား ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိသူများအား ထိရောက်စွာအရေးယူသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါမျိုးကွဲအသစ်များအား ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အားကစားခန်းမတွင် ကိုဗစ်ကာကွယ်ဆေးများအား ထိုးနှံ ပေးလျှက်ရှိပါသဖြင့် တစ်ကြိမ်မှ မထိုးနှံရသေးသူများအနေဖြင့် လာရောက်ထိုးနှံကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်ဟု မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မှထုတ်ပြန်သော အကြောင်းအရာပါစာအား လှည့်လည် အသိပေးကြော်ငြာခဲ့သည်။

မြို့နယ်(ပြန်/ဆက်)