ပန်းတောင်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ရံပုံငွေဖြင့် ထုံးဘိုကျေးရွာတွင် ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ထုံးဘိုကျေးရွာတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးဟန်မြင့်ထွန်း၊ သည်ပန်းတောင်းမြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘိုကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေဖြင့် ကျေးရွာဘက်စုံသုံး ခန်းမ (၄၀'×၄၈'×၁၂')တည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီးလုပ်ငန်းအား အချိန်မှီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်မေသူစိုး (ဦးစီးအရာရှိ (နည်းပညာ))က စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ အချိန်မီပြီးစီးအောင် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး