ပြည်မြို့ တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အဆင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

ပြည် နိုဝင်ဘာ ၈

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်  (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်အဆင့် သီချင်းဆိုပြိုင်ပွဲကို ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး  ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပြည်မြို့ရှိတက္ကသိုလ်အသီးသီးမှ သက်ဆိုင်ရာ ဆရာ/ဆရာမများက အကဲဖြတ်အမှတ်ပေး ဒိုင်အဖြစ် ဆောင်ရွက်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ပြိုင်ပွဲတွင် ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်း အစရှိသည့်ပြည်ခရိုင်ခြောက်မြို့နယ်မှ ပြိုင်ပွဲဝင် စုစုပေါင်း၁၂ ဦးဝင်‌ရောက်ယှဉ်ပြိုင်ကြပြီး တစ်ဦးလျှင် ပြည်ထောင်စုနေ့နှင့်သက်ဆိုင်သည့် သီချင်းတစ်ပုဒ်စီနှင့် ကြိုက်နှစ်သက်ရာသီချင်းတစ်ပုဒ်စီ သီဆိုယှဉ်ပြိုင်ကြ ကြောင်း၊  ယင်းပြိုင်ပွဲဝင်များအနက် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများသည် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။

 

ကိုဆက်