မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယအကြိမ် ပြည်သူ (၂၃၁၇၄) ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးပြီးဖြစ်

မြင်းခြံ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယ အကြိမ်အဖြစ် အသက် (၅၅) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲ(၇) ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

မြင်းခြံမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်မှ အသက် (၅၅) နှစ်အထက် ပြည်သူ (၂၂၈၀) ဦးကို  ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့သည်။

အဆိုပါ ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၂၃၁၇၄) ဦးရှိပြီး အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။

ခရိုင် ပြန်/ဆက်