ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

မုံရွာ  နိုဝင်ဘာ  

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ဦးဆောင်သော ဝန်ထမ်းများသည်   ပြည်ထဲရေးဝန်ကြီးဌာန မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဘုရားအမှူးထား၍ မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ဆရာတော် သံဃာတော် ()ပါးအား ပင့်ဖိတ်၍  အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ()နာရီခွဲ က မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးထား၍ မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ဆရာတော်သံဃာတော် ()ပါးအား တာဝန်ရှိသူများက အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ပေးပြီးနောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြကာ ဘုရားအမှူးထား၍ သံဃာတော် ()ပါးအား ဝတ္ထုငွေကျပ် (၁၈၀၀၀၀)နှင့် လှူဖွယ်ပစ္စည်းမျိုးစုံ စုစုပေါင်းငွေကျပ် (၁၂၅၀၀၀)တို့အား အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် သာဓုမောဒနာ သုံးကြိမ်ခေါ်ဆို၍ အမျှပေးဝေခဲ့ကြသည်။      ထို့နောက် နေ့လည် (၁၁)နာရီခွဲတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်()တပ်မတော် ဆေးရုံ၌ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်သော စုပေါင်းသွေးလှူဒါန်းပွဲတွင်  မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှလည်း ပါဝင်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ညနေ ()နာရီတွင် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကို တက်ရောက်လာသော ဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သား (၃၃)ဦးအတွက် တစ်ဦးလျှင် ခေါက်ဆွဲခြောက် (၁၀)ထုပ်စီနှင့် ကြက်ဥ (၁၀)လုံးစီတို့ကို ထောက်ပံပေးအပ်ခဲ့ပြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း (၄၈)ဦးအားလည်း ဗလာမပါ ကံစမ်းမဲ ဆုမဲများဖောက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)