ကရသူရိမြို့၌ မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကရသူရိ နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မသန်စွမ်းသူများဆိုင်ရာ သိကောင်း စရာအသိပညာ ပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက မသန်စွမ်း သူများနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန်နှင့် အသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က မသန်စွမ်းသူများဆိုင်ရာတွင် ဉာဏ်ရည်ချွတ်ယွင်းနေသူများ၏ လက္ခဏာများ၊  အသိဉာဏ်ပိုင်းမသန်စွမ်းခြင်း ဆိုင်ရာများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မသန်းစွမ်းသူများ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းနှင့် လုပ်ငန်းတာဝန်များ အကြောင်းကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများအား ကူညီစောင့်ရှောက်နိုင်ရေးနှင့် မသန်းစွမ်းသူများဆိုင်ရာ သိကောင်းစရာများကို ပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပညာပေးဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)