ဘုတ်ပြင်း နိုဝင်ဘာလ ၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရ အချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ကျင်း ပပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှ တဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုး ကိုကိုဝင်းက ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ မီးလောင်မှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများ၊ မီးသတ် ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ ကြိုတင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ ်ဖြစ်ပေါ်လာပါကလည်း ပြည်သူတွေအနေဖြင့် အရေးပေါ် ဘယ်လိုဆောင်ရွက်ရမှာလည်း စသည့်များကို ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)