မရမ်းကုန် နိုဝင်ဘာ ၈
မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အ.ထ.က (၁) စန္ဒိမာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များ ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက သြဝါဒစကားပြောကြားပြီး အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ သစ်လွင်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)