ဒဂုံမြို့နယ်တွင် ဦးတည်အုပ်စုများ ဖြစ်သည့် ပုဂ္ဂလိကဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ဒဂုံ နိုဝင်ဘာ ၈

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော် ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ဦးတည်အုပ်စုများဖြစ်သည့် ပုဂ္ဂလိကဝန်ထမ်း စုစုပေါင်း (၆၂၅) ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံ သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)