ရန်ကုန် နိုဝင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဗဟန်းမြို့နယ်၊ အမှတ်(၁၈)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသမီး သက်မွေးအတတ်ပညာကျောင်းသို့ ရောက်ရှိပြီး အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျောက်ထားသူများကို သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန် အတည်ပြု လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)