မြောင်းမြ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် အသိပညာပေး (Talk Show) ကို ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြောင်းမြခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ခိုင်ထွန်းက မီးသတ်ဦးစီးဌာန၏ မူဝါဒနှင့်ရည်မှန်းချက်တာဝန်များ၊ မီးဘေးအန္တရာယ်မကျရောက်စေရေး အတွက် ဆောင်ရွက်နေမှုများ၊ မီးလောင်မှုဖြစ်ပွါးပါက ဆုံးရှုံးမှုတန်ဖိုးသတ်မှတ်ချက်များနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအနေဖြင့် ပူး ပေါင်း ဆောင်ရွက်ပေးသင့်အချက်များအား ဆွေးနွေးပြောကြားခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မီးဘေးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေများနှင့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ပြဿနာများကို ဆက်လက်ဆွေးနွေးခဲ့ကြပြီး အများပြည်သူ အသိပညာဗဟုသုတ ရရှိစေနိုင်သော ဆွေးနွေးပွဲ (Talk show)များ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာကြည်