မိတ္ထီလာခရိုင်တွင် ကျေးလက်နေပြည်သူများ အလုပ်အအကိုင်အခွင့်အလမ်း ရရှိစေ ရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ငါးခု ဖွင့်လှစ် သွားမည်

မိတ္ထီလာ နိုဝင်ဘာ ၈

မိတ္ထီလာခရိုင်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်  အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းငါးခုကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် လက်မှုပညာရပ်များဖြင့်  တစ်ပိုင်တစ်နိုင် ဆောင်ရွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်း ငါးခုကို  ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင်  ဖွင့်လှစ် သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းများကို မိတ္ထီလာမြို့နယ်တွင် သံဂဟေဆက်သင်တန်း၊ မလှိုင်မြို့ နယ်တွင်   ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်း၊ ဝမ်းတွင်းမြို့နယ်တွင် ဆိုင်ကယ်ပြုပြင်နည်းသင်တန်းနှင့်  သာစည်မြို့ နယ်တွင် သစ်သီးယိုစုံနှင့် ဖျော်ရည် ပြုလုပ်နည်းသင်တန်း၊ အခြေခံဂဟေဆက် သင်တန်းတို့ကို ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)