ဇေယျာသီရိမြို့နယ်တွင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာကော်မတီ ရွေးချယ်ပွဲပြုလုပ်

ဇေယျာသီရိ နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂ဝ၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး (VDP)စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းမိတ် ဆက်ရှင်းလင်းပွဲနှင့် ကျေးရွာကော်မတီရွေးချယ်ပွဲကို နံနက်ပိုင်းတွင် ကျည်တောင် ကျေးရွာအုပ်စု သာယာဝှမ်းကျေးရွာနှင့် မွန်းလွဲပိုင်းတွင် မွန်းတည့်ခွင် (မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က မိမိတို့ဌာနအနေဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင် အသက်မွေး ဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ရာ ကျည်တောင် ကျေးရွာအုပ်စု သာယာဝှမ်း ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး (VDP) စီမံကိန်းကော်မတီဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် ကော်မတီဝင်(၉)ဦးကို ရွေးချယ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မွန်းတည့်ခွင်(မြောက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်နှင့် ကော်မတီဝင်(၉)ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။

အဆိုပါကျေးရွာ(၂)ရွာသည်  ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၁-၂ဝ၂၂ခု၊ (၆)လဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး (VDP)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)