ပင်လောင်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာအုပ်စု၊ ဆောင်းပြောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် SL Oxygen Concentrator (၃)လုံးကို ယမန်နေ့နံနက်ပိုင်းတွင် သွားရောက် လှူဒါန်းသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆောင်းပြောင်းတိုက်နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်းသည့် SL Oxygen Concentrator (၃)လုံးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီး ညီညီတင် က ပေးအပ်လှူဒါန်းပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခင်သိန်းထွေးနှင့် ဆောင်းပြောင်း တိုက်နယ်ဆေးရုံမှ ဒေါက်တာ ဆန်းထူးအောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ပင်လောင်း)