နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ၌ အခြေပြု၍ ဘေးပတ်ဝန်းကျင်ကျေးရွာ အုပ်စုများရှိ တိုင်းရင်းသား ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

နမ္မတူ နိုဝင်ဘာ ၆

နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အခမဲ့ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှ အပါအဝင် ဝန်ထမ်း(၇)ဦးတို့က နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာ၌ အခြေပြု၍ အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စုများရှိ ဒေသခံတိုင်းရင်းသားပြည်သူ      နိုင်-၃ (က) လျှောက်ထားသူ (၁၁၁)ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၁၁)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်လျှောက်ထားသူ (၃)ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားသူ ၅)ဦး စုစုပေါင်း (၁၃၀)ဦးတို့ကို သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် အတည်ပြုလက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှ ထံက သိရသည်။

လူမော် (ပြန်/ဆက်)