မိုင်းပျဉ်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၂၇၀၀)ကျော် အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိ

မိုင်းပျဉ်း နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ရောဂါကူးစက်မှုများ ကျဆင်းလာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ(၁)ရက်နေ့ မှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယမန်နေ့တွင် ကျောင်းသား၊ ကျောင်းသူ(၂၇၆၅)ဦး စိတ်အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် မူလတန်းအဆင့်(၁၁၉)ကျောင်း၊ အလယ်တန်းအဆင့်(၁၃)ကျောင်း၊ အထက်တန်း အဆင့်(၆)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၁၃၉)ကျောင်းရှိ သည့််အနက် ယခုအခါ ကျောင်းပေါင်း(၁၂၀)အား ဖွင့်လှစ်လျက်ရှိပြီး တစ်မြို့နယ်လုံး ကျောင်းအပ်နှံမှုနှင့် တက်ရောက်မှုအနေဖြင့် မူလတန်းအဆင့်တွင် စာရင်းရှိ(၅၉၅၈)ဦး၊ အပ်နှံသူ(၅၂၆၆)ဦးနှင့် တက်ရောက်သူ (၂၁၃၆)ဦး၊ အလယ်တန်းအဆင့် တွင် စာရင်းရှိ(၁၇၂၃)ဦး၊ အပ်နှံသူ(၁၁၉၂)ဦးနှင့် တက်ရောက်သူ (၅၃၉)ဦး၊ အထက်တန်း အဆင့်တွင် စာရင်းရှိ(၃၀၈)ဦး၊ အပ်နှံသူ(၁၄၉)ဦးနှင့် တက်ရောက်သူ(၉၀)ဦးရှိပြီး ယမန်နေ့အထိ တက်ရောက် ပညာသင်ကြားနေသည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၇၆၅)ဦး ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။     

အဆိုပါ ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝန်းအတွင်း မဝင်ခင် အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝန်းအတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ လက်ဆေးခြင်းများ ဆောင်ရွက် စေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ကာ ပညာသင်ကြား စေခြင်း တို့ကို တာဝန်ရှိသူများက ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)