မိုးနဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ  ဩဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ဖွဲ့စည်းတာဝန် ပေးအပ်ထားသော မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် နေ့အလိုက် တာဝန်ခွဲဝေ ပူးပေါင်း ဆောင်ရွက်ကြ စေလိုကြောင်း၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့၏ ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင် စာရင်းတိုက်ဆိုင် စစ်ဆေးကြစေလိုကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိုးနဲမြို့နယ်၏ ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ကပ်ထား ကြေညာထားရှိမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၇၀၂၇)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

မျိုးညွန့်ရွှေ ( မိုးနဲ )