မိုင်းယု ဩဂုတ် ၁၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရန် ယနေ့တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ပြဘုတ်တွင် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား”၊ “မကြာခဏ မေးလေ့ မေးထရှိသော မဲဆန္ဒရှင်စာရင်းများဆိုင်ရာ မေးခွန်းနှင့် အဖြေများ” အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ၊ မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာ နယ်မြေအလိုက် သွားရောက် ကြည့်ရှုနိုင်ရေး အသိပေး နှိုးဆော်ချက်နှင့် မဲဆန္ဒရှင်စာရင်းအား လာရောက်ကြည့်ရှုရန် ထုတ်ပြန် ချက်များစသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖေ့ဘုတ်လင့်နှင့် ဝက်ဆိုက်လင့်ကို ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရန် ခင်းကျင်းပြသထားပေးကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)