အောင်မြေသာစံမြို့နယ်တွင် အပူကြီး၍ တက်သောရောဂါနှင့်ပတ်သက်၍ တိုင်းရင်းဆေးဖြင့် မည်သို့ပြုစုစောင့်ရှောက်သည်ကို အသက်ငါးနှစ်အောက် ကလေးမိခင်များအား လေ့လာဆန်းစစ်မေးမြန်းခြင်းများ ဆောင်ရွက်

မန္တလေး ဩဂုတ် ၁၉

အပူကြီး၍ တက်သောရောဂါနှင့်ပတ်သက်၍ တိုင်းရင်းဆေးဖြင့် မည်သို့ပြုစုစောင့်ရှောက်သည်ကို အသက်ငါးနှစ်အောက် ကလေးမိခင်များအား လေ့လာဆန်းစစ်မေးမြန်းခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်း သာရပ်ကွက်၊ အကွက် (၆၀) ၁၅ လမ်းနှင့် ၁၆ လမ်းကြား၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားအတွင်းရှိ၊ မောင်းထောင်ဝင်းဓမ္မာရုံ၌ ပြုလုပ်သည်။

အပူကြီး၍ တက်သောရောဂါနှင့်ပတ်သက်၍ ‌လေ့လာဆန်းစစ်မေးမြန်းခြင်းများဆောင်ရွက်ရာတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ ကလေးရောဂါပညာဌာနမှ နည်းပြဒေါ်အေးမြသီတာနှင့်အဖွဲ့ (၅) ဦးတို့က အသက်ငါးနှစ်အောက်ကလေးမိခင်များအား အသိပညာဗဟုသုတ၊ သဘောထားခံယူချက်၊ လက်တွေ့ကျင့်သုံးမှုအလေ့အထများကို လေ့လာဆန်းစစ်ခြင်း၊ ဗဟုသုတများမေးမြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)