ပန်းဘဲတန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်များ ပြည့်စုံမှန်ကန်စေရန် မဲဆန္ဒရှင်အမည်စာရင်း ဖြည့်စွက် ပြင်ဆင်မှုများ တိုက်ဆိုင်စစ်ဆေး

ပန်းဘဲတန်း ဩဂုတ် ၁၉

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲပေးခွင့်ရှိသူတိုင်း မဲဆန္ဒရှင်အမည်စာရင်းတွင် ပါရှိစေရန် မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်အမည်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့မှစတင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မဲဆန္ဒရှင်အမည်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်စာရေးဝန်ထမ်းများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ ပူးပေါင်းကာ မဲဆန္ဒရှင် အမည် စာရင်းတွင် အချက်အလက်ကွဲလွဲနေမှုများ၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်အမည်စာရင်းတွင် မပါဝင်ပဲကျန်ရှိနေသူများကို သတ်မှတ် ပုံစံများဖြင့် ဖြည့်စွက်ပြင်ဆင်စေပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာရာတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး စနစ်တကျ တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထံမှ သိရှိရသည်။

နေခြည် (ပြန်/ဆက်)