ဆင်ပေါင်ဝဲ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃) (၄)၊ (၄ - ဂ)ဖြင့် လျှောက်ထားလာမှုများအား ပြင်ဆင်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ကမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများမှ တင်ပြ လျှောက်ထားလာသည့် မဲစာရင်းတွင် အမည်စာရင်းထည့်သွင်းပေးရန်ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၃၃)ဦး၊ မဲစာရင်းနှင့် စပ်လျဉ်းသည့် ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လျှောက်ထားသူ (၁၉၇)ဦး၊မဲစာရင်းနှင့် စပ်လျဉ်းသည့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ(၆၃၇)ဦးရှိပြီးမဲ စာရင်းတွင်မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများကို ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခိုင်မို့မို့ကျော်ထံမှ သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)