သာကေတမြို့နယ်တွင် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၉

ကလေးငယ်များ ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန်ပြီး အသက် အန္တရာယ် ကြုံတွေ့ နိုင်ခြင်း၊ ကြက်မျက်သင့်ရောဂါ ဖြစ်တတ်ခြင်း၊ အပြင်တိမ်စွဲ၍ မျက်စိကွယ်တတ်ခြင်းစသည့် ရောဂါများ ကင်းဝေးပြီး ဗီတာမင်အေ ပြည့်ဝကာ ကျန်းမာ၊ သန်စွမ်းသော ကလေးငယ်များ ဖြစ်စေရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၁/အနော်မာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉)နာရီ၌ ဗီတာမင်အေဆေးနှင့် သန်ချဆေးများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ တိုက်ကျွေးခဲ့ကြသည်။

အသက်(၆)လမှ(၅)နှစ်ထိ ကလေးငယ်များကို ဗီတာအေတိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ် များအား သန်ချဆေး တိုက်ကျွေးခြင်းများကို ဩဂုတ်လကုန်ထိ မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉) ရပ်ကွက်အလိုက် တိုက်ကျွေးသွားမည် ဖြစ် ကြောင်း သိရသည်။

ကိုဘုန်း(ပြန်/ဆက်)