မိုင်းငေါ့ ဩဂုတ်၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် စာပေချစ်သူများ၊ စာဖတ်ပရိတ်သတ်လူငယ်များအတွက် စာအုပ်များ မိတ်ဆက်ပေးခြင်း၊ ကလေးငယ်များ အတွက် Onlineမှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆို ခြင်း၊ စက္ကူရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်သခြင်း လုပ်ငန်းများကို မိုင်းငေါ့ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်မူကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး က ကြီးကြပ်၍ ဝန်ထမ်းများမှ အလှည့်ကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)