မိုင်းယန်းမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့် နယ်လှည့်စာငှားခြင်းဆောင်ရွက်

မိုင်းယန်း      ဩဂုတ်      ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြသခြင်းနှင့် နယ်လှည့်စာငှားခြင်းကို ယမန်နေ့ ညနေ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာကျော်ဝင်း မှ ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ် တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာ ကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍  အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သုတ၊ရသ စာအုပ်စာစောင် များကို ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)