ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆန်၊ ဆီများ လှူဒါန်း

ဒဂုံမြို့သစ်(ဆိပ်ကမ်း)  စက်တင်ဘာ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အောင်သုခပရိယတ္တိ စာသင်တိုက် မြို့နယ်သံဃနာယက ဥက္ကဋ္ဌကျောင်းတွင် မြို့နယ်တွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်​ကျောင်း (၃၂)ကျောင်းအတွက် ဆန်နှင့်ဆီများကို တိုင်းဒေသကြီးအစီအစဉ်ဖြင့် ယမန်နေ့က (၉၃) ရပ်ကွက်တွင် နေ့လယ်(၂)နာရီအချိန်တွင် လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

သံဃာတော်တစ်ပါးလျှင် ဆန် (၈)ပြည်၊ ဆီ(၅၀)သား၊ သံဃာတော် (၇၇၆)ပါးနှင့် သီလရှင်(၂၀၃)ပါး၊ စုစုပေါင်း (၉၇၉)ပါးအတွက် လှူဒါန်းခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၃၂) ကျောင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါလှူဒါန်းမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းအောင်၊ အဖွဲ့ဝင်(၂) ဦးလှကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးကျော်စွာတို့မှ သံဃာတော်နှင့် သီလရှင်ကြီးများအား ကိုယ်တိုင်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။

လဲ့လဲ့(ပြန်/ဆက်)