နတ်မောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာ အဝင်လမ်းတွင် ပြိုလဲနေသည့် ဓာတ်တိုင်(၂)ကို မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးနှင့်ဝန်ထမ်း (၈)ဦးက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က သွားရောက်ပြုပြင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ပြုပြင်ဆောင်ရွက်ရာတွင် မြင်းတဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် ကျေးရွာသား (၃၀)ဦးခန့်၊ စိုင်ကောင်းနယ်မြေစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် ပူးပေါင်းပြီး လဲပြိုနေသော ဓာတ်တိုတ်များကို ပြန်လည်စိုက်ထူခြင်း၊ မီးကြိုးများ သွယ်တန်းခြင်းများ ဆောင်ရွက်ခဲ့ရာ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် လုပ်ငန်းများ ပြီးစီးခဲ့ပြီး ညနေ ၆နာရီ ၃၀မိနစ် အချိန်ခန့်တွင် မြင်တဲကြီးကျေးရွာသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိကြောင်းနှင့် ပျက်ဆီးဆုံးရှုံးသည့် ဓာတ်တိုင်တန်ဘိုး (၁၁၅၀၀၀) ကျပ်ရှိကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးခင်မောင်စိုးထံမှ သိရသည်။
သင်းသင်းမြတ်