ကျောက်တံတား စက်တင်ဘာ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် အခြေခံစားသောက်ကုန်များကို မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကားများနှင့် အမှတ်(၆)ရပ်ကွက်၊ အနော်ရထာလမ်းပေါ်ရှိ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းကြားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ရောင်းချပေးခြင်းကို မိဘပြည်သူများ သိရှိဝယ်ယူစားသုံးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးကားများစနစ်တကျ နေရာချထားပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ မကူးစက်စေရန် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ဝယ်ယူစားသုံးကြရန် နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)