မြို့သစ် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် စွန်ဆည်ရေလှောင်တ မံသည်ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၄၀) ပေဖြစ်၍ ရေပြည့်အမှတ်ထက် (တစ်ဒသမ လေးပေခန့်) ရေကျော်ကျ လျက်ရှိကာ ဆဒ္ဒန် ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ( ၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၁ ဒသမ ၅၀)ပေရှိသဖြင့် ရေပြည့်အမှတ်ထက် (တစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိရာ ဆည် အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးအနားနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ်အစိမ်းရောင်အလံ စိုက်ထူ၍ ဆက်လက်အသိပေး နှိုးဆော်ထားကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲ ရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)