ဖျာပုံ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်လူမှုဝန်းဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော စေတနာ့ဝန်ထမ်း Volunteer များ၊ ကျန်းမာရေးနှင့်ကိုဗစ်၁၉ရောဂါကာကွယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်အဝေးခန်းမ၌ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးအေးကျော်က"စေတနာ့ဝန်းထမ်းများအနေဖြင့် ကိုဗစ်၁၉နှင့်စပ်လျဥ်းသည့် အခြေခံ သိသင့်သိထိုက်သည်များအား သိရှိစေရန်နှင့် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ ၎င်းတို့၏တာဝန်များကိုနားလည်သိရှိစေရန်၊ ကိုဗစ်၁၉ရောဂါကြောင့် သီးခြားစောင့်ကြပ် ကြည့်ရှုခံရသည့်နေရာများတွင် ကာလကြာမြင့်စွာ နေထိုင်နေရသည့်အတွက် ဖြစ်ပေါ် လာတတ်သည့်စိတ်၊ လူမှုအခြေအနေများကိုလည်း သိရှိနားလည်ပြီး၊ လူမှု ဆက်ဆံရေးစွမ်းရည်ကဲ့သို့သော ကျွမ်းကျင်မှုများရရှိစေရန်၊ စေတနာ့ဝန်ထမ်းများအား တစ်ကိုယ်ရည်သုံးကာကွယ်ရေးဝတ်စုံများဝတ်ဆင်နည်း၊ ပြန်ချွတ်နည်းနှင့် ရောဂါကွယ်ရေး နည်းလမ်းများကိုတတ်ကျွမ်းမှုရှိစေရန်"ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ စေတနာဝန်ထမ်း Volunteer(၂၅)ဦး တက်ရောက်ကြပြီး၊ သင်တန်းဆရာအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သိန်းထွန်းဝင်းနှင့်ဆရာ/ဆရာမများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပြသပေးခဲ့ကြကြောင်းသိရသည်။
အောင်ဝင်းနိုင်