မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်

မုံရွာ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ထမ်း(၄၈)ဦးအတွက်  မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းတစ်ဦးလျှင် ကုလားပဲ(၄)ဗူး၊ ခေါက်ဆွဲ(၁၀)ထုပ်၊ ဆီ(၅၀)ဆယ်သား၊ ကြက်ဥ  (၂၀)လုံး စသည့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် အခု(၁၀၀)ပါ Mask(၁)ဗူးစီတို့အား  ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဦးစီးအရာရှိ ဦးစိုးသူနှင့် ဒေါ်နန်းခမ်းလူတို့မှ လည်းကောင်း၊ မုံရွာခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ထောက်ပံ့သော  ဝန်းထမ်းတစ်ဦးလျှင် ဆန်(၁၂)ပြည်၊ ဆီ(၃)ပိသာ၊ ကြက်ဥ (၁၀)လုံး၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၁)ထုပ်တို့အား ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေး ဦးခင်မောင်ထွန်းနှင့် ဒေါ်ထက်ထက်အောင်တို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)