မော်လမြိုင်ကျွန်း သြဂုတ် ၂၇
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြတ်သာရွာမကျေးရွာအုပ်စု၊ မြတ်သာရွာမကျေးရွာ တွင် သြဂုတ်လ ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့သော မိုသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် တစိတ်တပိုင်း ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံး ၊အိမ်ထောင်စု့ တစ်စု့ အား ကယ် ဆယ်ရေး ပစ္စည်း နှင့် ငွေသား ပေးအပ်ခြင်း ကို သြဂုတ်လ ၂၆ရက် ညနေ ၄ နာရီ အချိန်က မြို့နယ် ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှု့ဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ကြောင်း သိရှိရသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းမှ ပြိုကျပျက်စီးခဲ့သော နေအိမ်တစ်လုံး ၊ အိမ်ထောင်စုတစ်စုမှ ဘေးသင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ အတွက် ၁၀၅၀၀ ကျပ် နှင့် အိမ်ဆောက်ပစ္စည်းဘိုး ၅၀၀၀၀ ကျပ်၊ စုစုပေါင်း ၆၀၅၀၀ ကျပ် တိတိအား ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး တို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သီတာအောင်