မအူပင် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊မအူပင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို သတ္တမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက မအူပင်မြို့ အ.ထ.က(၁)ကျောင်း၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအူပင်မြို့နယ်အတွင်းအတွင်း၌ သတ်မှတ် နေရာ(၆)နေရာ ခွဲ၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ် ချုပ်ရေးမှူးများ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားဖြစ်ပြီး မအူပင်မြို့ပေါ်စုရပ်အတွက် ဆေးအလုံးရေ ၇၀၀လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းထိုးနှံနိုင်သောကြောင့် လူဦးရေ ၁၄၀၀ ဦးအားထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စုသတ်မှတ်နေရာ(၅) နေရာတွင်လည်းတာဝန်ကျကြီးကြပ်အဖွဲ့များဖြင့် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှသိရသည်။