တီကျစ်တိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် အလှူ ငွေများလှူဒါန်း

နောင်တရား   ဩဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ် တိုက်နယ်ဆေးရုံတွင် ယမန်နေ့မွန်းလွဲပိုင်းက အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက်    အလှူငွေများ    လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

တီကျစ်တိုက်နယ်ဆေးရုံအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးတွင် အသုံးပြုရန် အလှူရှင်များဖြစ်သည့် နဂါးဘိလပ်မြေစက်ရုံ(တီကျစ်) မှ ငွေကျပ် ၁၀ သိန်း၊ တီကျစ် (မြကန်သာ)နေ ကိုရဲမြင့်ထွန်း မိသားစုမှ ငွေကျပ် ၁၀ သိန်း၊ ဆည်ခေါင်းကျေးရွာနေ ဦးလွန်းကျော်+ဒေါ်ချယ်ရီဝင်း မိသားစုမှ ငွေကျပ် ငါးသိန်း၊ တီကျစ်မြောက်ပိုင်းနေ ဦးတင်ထွန်း+ ဒေါ်မိုးမိုးသွင် မိသားစုမှ ငွေကျပ် သုံးသိန်း ၊ တောင်ကြီးမြို့နေ ကိုကျော်ကျော်ဦး+ မသိန်းငွေ မိသားစုမှ ငွေကျပ် သုံးသိန်း၊ တောင်ကြီးမြို့နေ ကိုခမ်းထွန်း+ မတူးမာ မိသားစုမှ ငွေကျပ် နှစ်သိန်း၊ တောင်ကြီးမြို့နေ ကိုဇေယျာလင်း+ မလင်းလင်းလတ် မိသားစုမှ ငွေကျပ် တစ်သိန်း ၊ တီကျစ်တောင်ပိုင်းနေ မအေးအေးအောင် (မိုးသောက်ကြယ်ဆေးဆိုင်) မှ ငွေကျပ် တစ်သိန်း နှင့် ပင်လောင်းမြို့ ရင်းမှီးရပ်ကွက်နေ ဦးနေဝင်း+ဒေါ်လှဝင်း မိသားစုမှ ငွေကျပ် တစ်သိန်းကို တီကျစ်တိုက်နယ်ဆေးရုံသို့ အလှူရှင်များက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။