သဲကုန်းမြို့နယ်တွင် ကရင်ကျေးရွားများသို့လှည့်လည်၍ ကိုဗစ်-၁၉အသိပညာပေးနှိုးဆော် ချက် အား ကရင်/ မြန်မာနှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်

သဲကုန်း  သြဂုတ်  ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကရင်ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉အသိပညာပေးနှိုးဆော်ချက်များအား ကရင်/မြန်မာနှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်​ခြင်းကို သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး  ကရင်ရင်းတိုက် တန်းကျေးရွာ၊ ကန်ဇွန်းအင်းကျေးရွာနှင့် နှောကုန်းကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော် ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ကျန်ရှိနေသေးသည့် ကရင်ကျေးရွာများသို့လည်းသွား​ရောက်၍ ကရင်/ မြန်မာနှစ် ဘာသာ​ဖြင့် ကိုဗစ်-၁၉ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ​နေ့စဉ်ဆောင်ရွက်သွားမည ဖြစ်ကြောင်း သတင်းရရှိသည်။

 

နိုင်လင်း