တနင်္သာရီ ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉အသက်ရှူ လမ်း ကြောင်းဆိုင်ရာရောဂါသည် လက်ရှိတွင်ကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် ကူးစက်ပျံ့နှံ့မှုမှကာ ကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ အလှုငွေထောက်ပံ့ပေးအပ်ပွဲတစ်ရပ်ကို ယနေ့ နံနက်၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမအတွင်း ပြုလုပ်ရာ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဒုတပ်ခွဲမှူးအောင်ကျော်ကျော်နှင့် စေတနာ့ ဝန်ထမ်းများ (ကိုယ်စား)ချောင်းကြီးရပ်ကွက်-သုခရွှေရီကျန်းမာရေးအထောက်အကူပြုအသင်းမှဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က ထောက်ပံ့ငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက မိမိတို့မြို့နယ်မှာနေ့စဉ် ရောဂါကူးစက်သူဦးရေမြင့်တက်နေသဖြင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက် အရှိန်မြှင့်တင်၍ အလေးပေးဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ လှူဒါန်းထောက်ပံ့ငွေ(၃၅၀၀၀၀)ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦး စီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက လက်ခံရယူသည်။ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ(၃၀၀၀၀၀)ကျပ်အား မြို့နယ်ရဲတပ်ဖွဲ့မှူးယာ ယီရဲမှူး နေဝင်းကပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က လက်ခံရယူကြောင်း သိ ရှိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးကျော်စိုးအောင်တို့က ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား ပြည်သူအများကယခုထက် ပိုမိုလေးစားလိုက်နာလာအောင် သတိပေး/ အသိပေးနှိုးဆော်မှုများ၊ ပါးစပ်နှင့်နှာခေါင်းMask မတပ်ဘဲနေအိမ်အပြင်ထွက်ပါက ငွေဒဏ်တိုမြှင့် ၍ရိုက်ခြင်း/ ဈေးရောင်းချခွင့်(၃)ရက်ရပ်နားစေခြင်း၊ မြိတ်မြို့မှဈေးကား/ ဆိုင်ကယ်များကို မြို့အတွင်းတစ်လမ်းဝင်တစ်လမ်းထွက်လှည့်လည်ရောင်းချခွင့်မပြုတော့ဘဲ မြို့အပြင်တံတားဂိတ်အနီးမှတစ်ဆင့် ကယ်ရီသမားစနစ်ဖြင့် ရောင်းချစေခြင်းများ ပြုလုပ်သင့် ကြောင်း အကြံပြုဆွေးနွေးကြကြောင်း သိရိရသည်။
နန်းသာရီထိန်ဝင်း