ရမ်းဗြဲ ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကိုကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ကျန်းမာရေးအသိပညာပေးအနေဖြင့် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ မှ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ပြီး အသံချဲ့စက်ဖြင့်အသိပညာပေး နှိုးဆော်ပေးခဲ့ကြပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်တားဆီးနိုင် ရေး နှင့်လျော့နည်းပပျောက်သွားစေရန်အတွက် ပြည်သူများအနေဖြင့် မလိုပ်ပဲအိမ်ပြင်မ ထွက်ကြရန်၊ မဖြစ်မနေအိမ်အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ် ဆင်သွားလာကြရန်၊ Mask တပ်ဆင်ထားခြင်း မရှိသူများနှင့် တွေ့ဆုံစကားပြောခြင်း၊ ဈေးရောင်းဈေးဝယ်ခြင်းများမပြုလုပ်ကြရန် ၊ လက်ကို ဆပ်ပြာဖြင့် စက္ကန် ၂၀ ကြာ မကြာခဏ ဆေးကြောကြရန်၊ အပြင်မှပြန်လာတိုင်း ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်သေးမီ အိမ်သူ/သား များနှင့် ထိတွေ့ဆက်ဆံခြင်းမပြုလုပ်ရန်၊ Mask များကို အိမ်အပြင်၌သာ စွန့်ပစ်ရန်၊ မိမိတို့နေအိမ်တွင် လေဝင် လေထွက်ကောင်းသောနေရာတွင်နေထိုင်ကြရန်၊ လေဝင် လေထွက် မကောင်းအခန်းများကို ရှောင်ရှားကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် လူစုဝေးကိုရှောင်ရှား ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်တို့ကို နှိုးဆော်အသိပညာပေး နှိုးဆော်ခဲ့ကြပါသည်။
ယင်းနောက် သက်ကြီး ရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံ ရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကိုဗစ် ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံးကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများ အားလုံးက ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးကြပါရန် အသိပညာပေးနှိုးဆော်ခဲ့ကြပါသည်။
အောင်နိုင်