မိုင်းယု ဩဂုတ် ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တိုရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် ရာသီပေါ် နှင်းသီး(ခ)ကြောင်မျက်လုံးသီးများ လှိုင်လှိုင်ထွက်ရှိကာ ခူးဆွတ်ရောင်းချရာ မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နှင်းသီး(ခ)ကြောင်မျက်လုံးသီးမှာ ကဆုန်လဆန်းပိုင်းကနေ စတင်ဖူးပွင့်၍ အသီးလိုက်ပြီး (၃)လအကြာ ဝါဆိုလအတွင်း ရင့်မှည့်ကာ ခူးဆွတ်စားသုံးနိုင်ပြီး အခိုင်အတွဲလိုက်သီးသည့် အပင်ကြီးမျိုး ဖြစ်ကြောင်း၊ အသီးမှာ လုံးဝန်း၍ ချိုသည့်အရသာကို ခံစားရကာ အခွံပါးလွှားပြီး အညှိရောင်ရှိကြောင်း၊ ယင်းအခွံအောက်တွင် ချိုမြိန်သည့် မထူမပါး အဖြူအကြည်ရောင်ရှိသည့် အသားကို စားသုံးရပြီး ငှင်းအောက်တွင် အမည်းရောင်ရှိသည့် အစေ့ကို တွေ့မြင်ရမည်ဖြစ်ပြီး မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဒေသမျိုးသာအများဆုံးတွေ့ရပြီး ယိုးဒယားမျိုးကို အနည်းအကျဉ်းသာ စိုက်ပျိုးထားကြကြောင်း ဒေသမျိုးမှာ အလုံးသေး၍ ယိုးဒယားများမှာ အလုံးပိုကြီးလျက်ရှိသည်။
အဆိုပါ အပင်များကို မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့ရှိ ဒေသခံတိုင်းရင်းသားများ၏ နေအိမ်ခြံဝင်းတွင် အရိပ်ရအပင်ဖြစ် အနည်းငယ်စီသာစိုက်ပျိုးထားကြပြီး အသီးသီးလျင်လည်း ခူးဆွတ်ကာ ရောင်းချကာ မိသားစုအတွက် တစ်ဖက်လမ်းမှာ အပိုဝင်ငွေရရှိပါကြောင်း၊ ယင်း နှင်းသီး(ခ)ကြောင်မျက်လုံးသီး အမှည့်ကို အတင့်သင့်စည်းကာ အသီးစပေါ်ချိန်တွင် တစ်စီးလျင် ကျပ်ငွေ(၅၀၀)ထိရရှိပြီး အသီးလှိုင်လှိုင် ထွက်ချိန်တွင် နှစ်စီးလျင် ငွေကျပ်(၅၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသည့် ဒေသခံတစ်ဦးက ပြောသည်။
ကိုကိုနိုင်(မိုင်းယု)