ပလောက်မြို့၊ခန္တီကျေးရွာအုပ်စုတွင်အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပလောက်  ဩဂုတ်  ၅

            တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ခန္တီကျေးရွာအုပ်စု တွင် ကာကွယ်ဆေးမထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ခန္တီကျေးရွာ ရွာဦးကျောင်းဓမ္မာရုံ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရုံတပ်စု(ပလောက်)မှဆရာဝန်သူနာပြု(၅)ဦးနှင့် ပြည်သူ့ ကျန်းမာရေးဌာနမှကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။   ခန္တီကျေးရွာအုပ်စု အတွင်းရှိကျေးရွာများအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Vero-Cell (၁၅၀)လုံးကို ရရှိ၍ တစ်လုံးလျှင်လူ(၂)ဦး နှုန်းဖြင့် စုစုပေါင်း(၃၀၀)ဦး အားဆေးထိုးနိုင်မည်ဖြစ်ရာ အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

          အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့်နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးသိမ်းမြင့်နှင့်  ပလောက်တပ်နယ်မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နှင်းမြူလွင် (ပလောက် ပြန်/ဆက်)