မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိ

မြိုင် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနှိုး ဆော်ခြင်းများကို ယာယီပျံကျဈေး (မြို့မ အားကစားကွင်း ) အနီးတွင် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၉ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်တွင်သာနေထိုင်ကြရန်၊ လူစုလူဝေးများမပြုလုပ်ရန်၊ မလိုအပ်ပဲ အပြင်သို့လုံးဝမထွက်ကြပါရန်နှင့် မဖြစ်မနေထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ကြပါရန်၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကိုတိကျစွာလိုက်နာဆောင်ရွက်ကြရန်၊အကယ်၍ အဆိုပါထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြိုင်မြို့သည် Stay at Home သတ်မှတ်ခံရသည့်မြို့ဖြစ်၍ Stay at Home ကာလအတွင်း  လိုက်နာရမည့်အချက်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယာယီပျံကျဈေး (မြို့မ အားကစားကွင်း ) အနီးတွင် နေ့စဉ် နံနက် ၆ နာရီမှ ဈေးပိတ်သိမ်းချိန် နံနက် ၉ နာရီအချိန်ထိ Song Box ဖြင့် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

သူရ