မော်လမြိုင်ကျွန်း သြဂုတ် ၅
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်းမြို့ နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း အခြေခံလူတန်းစား များသက်သာချောင်ချိရေးအတွက်ရည်ရွယ်လျှက် အမှတ်(၄၂)၊ တပင်ရွှေထီး လမ်း၊အမှတ်(၁၂)ရပ်ကွက်နေ ဦးညွှန်လွင်-ဒေါ်ညိုညို(ထိပ်တန်းဆန်စက် နှင့် ပွဲရုံလုပ်ငန်း) မှ ဆန်နှင့်ကြက်ဥများ စျေးနှုန်းချိုသာ စွာ ရောင်းချ ပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ ၁၂နာရီအထိမည်သူမဆို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ရောင်းချပေးခြင်းအား သြဂုတ်လ(၅)ရက် နေ့ မှ စတင် ၍ နေ့စဉ်ရောင်းချပေးမည်ဖြစ်ပြီး ၁၀ရက် ရောင်းချရန်စီစဥ်ထားရှိပြီးထပ်မံလိုအပ်လျှင် ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းသိရှိရပြီးလူတစ်ဦး လျှင် ဆန်တစ်ပြည် (၈၀၀ကျပ်) ၊ကြက်ဥ ငါးလုံး၊(၂၀၀)ကျပ် တို့အား ဝယ်ယူရရှိနိုင်ပြီး ဝယ်ယူ၊ ရောင်းချသူများ မှာ ချမှတ်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စည်ကမ်းတကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု့ကာလအခြေခံ လူတန်းစားများ ကိုဗစ်ကာလအတွင်း အခက်အခဲမရှိ စေရန် စီစဉ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရှိရသည်။
သီတာအောင်