ကျောက်တံခါး သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်း ကျေးရွာတွင် သြဂုတ်လ(၂)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့သဖြင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက ဟာရီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံပစ္စည်းများပေးအပ်ရာတွင် ကျောက်တံခါးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းလွင်နှင့်အဖွဲ့များက လေဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် တစ်အိမ်ထောင်လျှင် တာပေါ်လင်မိုးကာ အမျိုးသမီး အသုံးအဆောင်ပစ္စည်းနှင့် လူသုံးကုန်အိမ်သုံး ပစ္စည်းစုစုပေါင်း(၁၂)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်း