ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ Stay at Home ကာလ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာစေရေး အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပွင့်ဖြူ        ဩဂုတ်      ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများ Stay at Home ကာလ သတ်မှတ်ထားသည့်စည်းကမ်းချက်များအတိုင်း သိရှိလိုက်နာ နေထိုင်သွားလာနိုင် စေရန်အတွက် ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် အသံချဲ့စက်ယာဉ်ဖြင့် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ Stay at home အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များတွင် နေထိုင်ကြသူများ လိုက်နာရမည့် စည်းကမ်းချက်များအနေဖြင့်   မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန် လိုအပ်ပါက တစ်အိမ် လျှင်နှစ်ဦးသာသွားရောက်ရန်၊  နေအိမ် ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန်သွားလာ သည့် ယာဉ်များနှင့် ဖြတ်သန်းသွားလာခွင့်ပြုထားသော ယာဉ်များကိုသာရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ မြို့နယ် အတွင်း ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှုကို စံသတ်မှတ်ချက် များအတိုင်း  သွားလာကြရန်နှင့် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် စသည့်စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဒေသခံပြည်သူများ Stay at home ကာလ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယနေ့ညနေပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ ၊ ဒေးဒရဲကျေးရွာ ၊ မုန်းနားစုကျေးရွာ ၊ ကူးတို့ဆိပ်ကျေးရွာနှင့် သာစည်ကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့်  အသိပညာပေး နှိုးဆော်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။   ရဲဝင်းနိုင် ( ညောင်ဦး )