ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုရှစ်စုအတွက် ထောက်ပံ့ငွေများပေးအပ်

ရေစကြို သြဂုတ် ၅

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စုရှစ်စုအတွက် ထောက်ပံ့‌ငွေ ပေးအပ်ပွဲကို‌ ရေစကြိုမြို့နယ် အထွေထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လူနေအိမ် ၈ လုံး၊ အိမ်ထောင်စု ၈ စု၊  လူဦးရေ ၃၈ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပြီး လူနေအိမ် ၈ လုံး ဖျက်သိမ်းခဲ့ရသည့်အတွက် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်း၊ အိမ်ထောင်စု ၈ စုစာအတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တစ်ပတ်စာ ထောက်ပံ့ငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမခန့်ခွဲမှုဦးစီးဌာနမှ  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)