ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ညောင်ရွှေ ဩဂုတ် ၅

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သက်ဆိုင်ရာ စုရပ်နေရာများ၌ ဦးတည် အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေးများ ဆက်လက်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စုရပ်နေရာများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နန်းပန်မြို့၊ စံကား ကျေးရွာအုပ်စု၊ ကေလာကျေးရွာအုပ်စုတို့၌ နံနက်ပိုင်းမှစတင်၍ အသက် ၆၅ နှစ်နှင့် အထက်ရှိသူများ၊ ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ၊ ဈေးများမှ စည်ပင်သာယာ ဝန်ထမ်းများကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆေးထိုးနှံ ပေးခဲ့သည်။

ညောင်ရွှေမြို့နယ်တွင် ဇူလိုင် ၃၁ရက်မှ ဩဂုတ် ၄ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ သူပေါင်း ၃၅၂၆ ဦးရှိကြောင်း သိရသည်။

နေမျိုးသူရိန်